July 08, 2026
3:55 PM
မြန်မာနိုင်ငံ၏ သုတေသနနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MMMT Group Co., Ltd. မှ အဆင့်မြင့် နည်းပညာသုံး ဓာတ်ခွဲခန်းသုံး စက်ကိရိယာကြီးတစ်ခုကို အောင်မြင်စွာ တပ်ဆင်လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ ဂျာမနီနိုင်ငံအခြေစိုက် greateyes GmbH မှ ထုတ်လုပ်သော LumiSolarCell EL/PL System (Electroluminescence & Photoluminescence Testing Equipment) ကို (Naypyitaw State Academy - NSA) တွင် တပ်ဆင်ခြင်း (Installation) နှင့် အသုံးပြုပုံ အဆင့်မြင့် သင်တန်းပို့ချခြင်း (Hands-on Training) တို့ကို MMMT Group ၏ ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့မှ အောင်မြင်စွာ စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ LumiSolarCell EL/PL စက်၏ ထူးခြားဆန်းသစ်သော နည်းပညာရပ်များ LumiSolarCell EL/PL စက်သည် Solar Cell နှင့် Wafer များ၏ အရည်အသွေးကို မိုက်ခရိုအဆင့်အထိ တိကျစွာ စမ်းသပ်စစ်ဆေးနိုင်သည့် သုတေသနနှင့် အရည်အသွေးထိန်းချုပ်ရေး (R&D) သုံး အဆင့်မြင့် စက်ကိရိယာ ဖြစ်ပါသည်။ Micro-crack Detection: Solar Cell များအတွင်း မျက်စိဖြင့် မမြင်နိုင်သော သေးငယ်သည့် အက်ကြောင်းများ (Micro-cracks)၊ Solder joint အပြစ်အဆာများနှင့် ဆဲလ်သေများကို အနီအောက်ရောင်ခြည် ကင်မရာ စနစ်ဖြင့် အသေးစိတ် ဓာတ်မှန်ရိုက် စစ်ဆေးပေးနိုင်ခြင်း။ Dual Testing Capabilities (EL & PL): Electroluminescence (လျှပ်စစ်ဓာတ်အားပေး၍ စမ်းသပ်ခြင်း) ရော Photoluminescence (အလင်းရောင်ခြည်သုံး၍ စမ်းသပ်ခြင်း) ပါ နည်းပညာ နှစ်မျိုးလုံးကို စက်တစ်လုံးတည်းဖြင့် တိကျစွာ တိုင်းတာနိုင်ခြင်း။ High-Precision Analysis: ဂျာမနီနိုင်ငံထုတ် အဆင့်မြင့် Vacuum CCD Camera နှင့် Optics များ ပါဝင်သောကြောင့် Solar Panel မထုတ်လုပ်မီ Cell အဆင့် အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို တိကျစွာ တိုင်းတာပေးနိုင်ခြင်း။ အဆိုပါ အဆင့်မြင့် စက်ကိရိယာ တပ်ဆင်လိုက်နိုင်ခြင်းဖြင့် Naypyitaw State Academy (NSA) မှ ဆရာ/ဆရာမများနှင့် သုတေသနပညာရှင်များအနေဖြင့် Solar/Renewable Energy နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ကမ္ဘာ့အဆင့်မီ စမ်းသပ်စစ်ဆေး လေ့လာနိုင်တော့မည် ဖြစ်ပါသည်။ MMMT Group Co., Ltd. အနေဖြင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် စက်ရုံ/အဖွဲ့အစည်းများအတွက် ကမ္ဘာ့အဆင့်မီ Laboratory Equipment များ၊ Scientific Instruments များကို အကောင်းဆုံး ဝန်ဆောင်မှု၊ မှန်ကန်သော တပ်ဆင်ပေးမှုများဖြင့် စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။